Wednesday, October 31, 2007

လူနှင့်အလုပ်

လူတစ်ယောက်သည် မိမိနှင့် ဆက်စပ်လျက်ရှိသည့် ပတ်ဝန်းကျင်မှ အလုပ်အားလုံး (သို့မဟုတ်) တော်တော်များများကို တတ်ကျွမ်းနားလည်ထားရန် လိုအပ်ပါသလား ?
အဖြစ်အပျက်(၁) ။ ကျနော် မတတ်ကျွမ်းပါ။ ဌာန၏ လိုအပ်ချက်အရ တစ်လလျှင် အစီရင်ခံစာ ၅ စောင်မှ ၁၀ စောင်ခန့် လစဉ် တင်ပြရပါသည်။ ထိုအစီရင်ခံစာများကိုလည်း ကော်ပီ ၁၀ စုံမှ အစုံ ၃၀ အထိ ကူး၍ ဖြန့် ဝေရလေ့ရှိသည်။ ထို့ပြင် အစဉ်အလာအရ အစီရင်ခံစာ တင်ရမည့်ရက်၏ ညနေ (၄) နာရီခန့်မှ လိုအပ်သော အချက်အလက်များ ပြည့်စုံလေ့ရှိသည်။ ထို့ကြောင့်အချက်အလက်များ ပြည့်စုံချိန်တွင် အစီရင်ခံစာ ရေးသားနိုင်ရန် ကွန်ပျူတာ စာစီသူမှ အရာရှိ၏ အစီရင်ခံစာ မူကြမ်းကို စာစီ၏။ စာစီပြီးလျှင် မိတ္တူကူးသူက လိုအပ်သည့် စောင်ရေကို မိတ္တူကူးရ၏။ ပြီးလျှင် စာဝေသူက ဖြန့်ဝေ၏။ အားလုံးပြီးပြည့်စုံလျှင် နောက်နေ့ကူးပြီ ဖြစ်သည်။ အားလုံးပြီးမှ ပြန်ကြရမည်။
အဖြေ(၁) အချက်အလက်များ ပြည့်စုံချိန်အထိ ကွန်ပျူတာ စာစီသူက စောင့်ဆိုင်းနေရသည်။ ထိုအချိန်နှင့် တပြိုင်တည်းတွင် မိတ္တူကူးသူ ၊ စာဝေသူများ အားလုံး ငုတ်တုတ်ထိုင်၍သော်၎င်း၊ ကျန်အပရိက ကိစ္စများ ဆောင်ရွက်၍သော်၎င်း အဆင်ပြေသလို စောင့်ဆိုင်းနေနိုင်၏။ ထို့အတူ တစ်စုံတစ်ဦး အလုပ်လုပ်နေပါက ကျန်သူများ ဘေးမှ ထိုင်ကြည့်နေနိုင်သကဲ့သို့ မိမိကြိုက်နှစ်သက်ရာ လုပ်နေနိုင်၏။
အဖြစ်အပျက်(၂)။ ကျနော် အကုန် တတ်ကျွမ်း၏။ ကွန်ပျူတာ စာစီတတ်သည်။ ကော်ပီကူးတတ်သည်။ စာအုပ်ချုပ်တတ်သည်။ စာဝေတတ်သည်။
အဖြေ(၂)မင်းတစ်ယောက်တည်းပဲ အကုန်လုပ်ပေရော့။

No comments: