Monday, November 05, 2007

ကျနော်နှင့် လေယာဉ်လက်မှတ်

(5.11.2007) နေ့တွင် နိုင်ငံခြားသွားနိုင်ရန်အတွက် လေယာဉ်လက်မှတ်တစ်စောင် (16.10.2007)ကတည်းက ဗဟိုစာတိုက်ကြီးသို့ ရောက်ရှိခဲ့၏။ ဗဟိုစာတိုက်ကြီးက (19.10.2007) က ဖြန့်ဝေခဲ့ရာ ယနေ့ (2.11.2007)အထိ လေယာဉ်လက်မှတ် ဖြူလားမဲလား မတွေ့ရသေးပါ။ ခေတ်မှီလှသော စာဝေစနစ်၏ မြန်ဆန်သွက်လက်လှသော လုပ်ဆောင်မှုများအောက်တွင် ကျနော့ လေယာဉ်လက်မှတ် မျက်စိလည်နေသလား၊ မသွားတတ် မလာတတ်များ ဖြစ်နေသလား မသိပါ။ တွေ့မိသူများ ရှိပါက ကျနော့ လိပ်စာသို့ လမ်းညွှန်ပေးကြပါ။ ကျေးဇူးတင်ပါသည်။

No comments: