Tuesday, November 06, 2007

ကျနော်နှင့် စာဖတ်သူများ

စာမဖတ်ပဲ စာအုပ်ဖတ်တဲ့လူတွေ တွေ့ဘူးပါသလား ?
စာအုပ်ကို မဖတ်ပဲ စာပဲ ဖတ်တဲ့လူတွေရော တွေ့ဘူးပါသလား ?
ကျနော်တော့ နှစ်မျိုးလုံး တွေ့ဘူးတယ်။ လူတော်တော်များများလည်း ကြုံဘူးကြမှာပါ။တချို့က စာအုပ်ထဲက စာကို မဖတ်ခင် အပြင်အဆင်နဲ့ စာရေးတဲ့လူနာမည်ကို အရင်ကြည့်တယ်။ တချို့ကဆို လက်ရေးကိုတောင် ကြည့်သေးတယ်။ တစ်ခုခု အဆင်မပြေရင် အထဲက စာကိုလည်း အထင်မကြီးတော့ဘူး။ ဖတ်လည်းမဖတ်တော့ဘူး။တချို့ကတော့ စာအုပ်ထဲက စာကို အဓိကထားတယ်။ တန်ဖိုးထားတယ်။ကျနော်ကတော့ စာအုပ်မဖတ်ပါဘူး။ စာပဲ ဖတ်ပါတယ်။ ဘယ်သူရေးတဲ့ စာပဲဖြစ်ဖြစ်၊ ဘာနဲ့ ရေးထားတဲ့ စာပဲဖြစ်ဖြစ် ဖတ်ပါတယ်။ ပြီးမှ ဝေဖန်ပါတယ်။
ခင်ဗျားတို့ရောဗျာ ...... ?????

2 comments:

Anonymous said...

For me i'm read not only book but also author's article . coz if some ideology of the author is not suite for us i think that 's waste our time. also our money. i don't want to waste my time like this, that's why i read as i told above. ^_^

ုaiezoe said...

ကျွန်တော်နှင့်စာရေးသူ

စာရေးဆရာ(စာရေးသူ)တွေ့နဲ့ တွေ့ဖူးကြမယ်ထင်တယ်
တချို့က ရှဲဒိုး တစ်ချို့က ဒဲ့ကူးချ ..
တစ်ချို့က တော့ရမ်းသမ်းမှန်းကန်း ..