လူတစ်ယောက်သည် မိမိနှင့် ဆက်စပ်လျက်ရှိသည့် ပတ်ဝန်းကျင်မှ အလုပ်အားလုံး (သို့မဟုတ်) တော်တော်များများကို တတ်ကျွမ်းနားလည်ထားရန် လိုအပ်ပါသလား ?
အဖြစ်အပျက်(၁) ။ ကျနော် မတတ်ကျွမ်းပါ။ ဌာန၏ လိုအပ်ချက်အရ တစ်လလျှင် အစီရင်ခံစာ ၅ စောင်မှ ၁၀ စောင်ခန့် လစဉ် တင်ပြရပါသည်။ ထိုအစီရင်ခံစာများကိုလည်း ကော်ပီ ၁၀ စုံမှ အစုံ ၃၀ အထိ ကူး၍ ဖြန့် ဝေရလေ့ရှိသည်။ ထို့ပြင် အစဉ်အလာအရ အစီရင်ခံစာ တင်ရမည့်ရက်၏ ညနေ (၄) နာရီခန့်မှ လိုအပ်သော အချက်အလက်များ ပြည့်စုံလေ့ရှိသည်။ ထို့ကြောင့်အချက်အလက်များ ပြည့်စုံချိန်တွင် အစီရင်ခံစာ ရေးသားနိုင်ရန် ကွန်ပျူတာ စာစီသူမှ အရာရှိ၏ အစီရင်ခံစာ မူကြမ်းကို စာစီ၏။ စာစီပြီးလျှင် မိတ္တူကူးသူက လိုအပ်သည့် စောင်ရေကို မိတ္တူကူးရ၏။ ပြီးလျှင် စာဝေသူက ဖြန့်ဝေ၏။ အားလုံးပြီးပြည့်စုံလျှင် နောက်နေ့ကူးပြီ ဖြစ်သည်။ အားလုံးပြီးမှ ပြန်ကြရမည်။
အဖြေ(၁)။ အချက်အလက်များ ပြည့်စုံချိန်အထိ ကွန်ပျူတာ စာစီသူက စောင့်ဆိုင်းနေရသည်။ ထိုအချိန်နှင့် တပြိုင်တည်းတွင် မိတ္တူကူးသူ ၊ စာဝေသူများ အားလုံး ငုတ်တုတ်ထိုင်၍သော်၎င်း၊ ကျန်အပရိက ကိစ္စများ ဆောင်ရွက်၍သော်၎င်း အဆင်ပြေသလို စောင့်ဆိုင်းနေနိုင်၏။ ထို့အတူ တစ်စုံတစ်ဦး အလုပ်လုပ်နေပါက ကျန်သူများ ဘေးမှ ထိုင်ကြည့်နေနိုင်သကဲ့သို့ မိမိကြိုက်နှစ်သက်ရာ လုပ်နေနိုင်၏။
အဖြစ်အပျက်(၂)။ ကျနော် အကုန် တတ်ကျွမ်း၏။ ကွန်ပျူတာ စာစီတတ်သည်။ ကော်ပီကူးတတ်သည်။ စာအုပ်ချုပ်တတ်သည်။ စာဝေတတ်သည်။
အဖြေ(၂)။ မင်းတစ်ယောက်တည်းပဲ အကုန်လုပ်ပေရော့။
Wednesday, October 31, 2007
လူနှင့်အလုပ်
Posted by
မောင်ဘိုတောက်
at
8:46 AM
0
comments
Tuesday, October 30, 2007
over time နဲ့ ကျနော်
over time ရဲ့ အဓိပ္ပါယ်ကို ကျနော် နားလည်မှု လွဲနေတယ်။ အချိန်ပို အလုပ်လုပ် ရတာလား... အချိန်ပိုလို့ အလုပ်လုပ်ရတာလား မရှင်းဘူး။ တကယ်အလုပ်မရှုပ် ပဲနဲ့ over time ဆင်းရတာလောက် စိတ်ညစ်တာ မရှိဘူး။ မလိုအပ်ပဲ အင်အား ဖြုန်းတီးလွန်းတာလဲ over time ပဲလား ???။ တကယ် ... တစ်ခါတစ်လေ Print out ထုတ်ဖို့ လူ (၁၀) ယောက် လောက်ခေါ်ချင် ခေါ်ထားတာမျိုး။ တစ်ယောက်က Print out ထုတ်ပြီး ကျန်တဲ့လူတွေက ငုတ်တုတ်ထိုင်လို့ .... ဒါမှ မဟုတ်ရင်လဲ ဂိမ်းတွေကစား ၊ chatting ၀င်နဲ့ပေါ့ ...။ အချိန် ပိုတဲ့ လူတွေကတော့ ကောင်းပါတယ်။ ကျနော်ကတော့ မလိုလားဘူး။ အရာရှိက အရာရှိနဲ့ကို မတူတော့ဘူး။ တကယ် လိုအပ်ရင် တစ်ညလုံးလဲ မအိပ်ပဲ လုပ်နိုင်ပါတယ်။ မလိုအပ်ပဲတော့ ငုတ်တုတ်လာထိုင်ရတာ ပျင်းတယ်။ စိတ်လဲ ညစ်တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဘာမှန်းကို မသိတော့ဘူး။ဘယ်သူ့ကို စိတ်ဆိုးရမှန်းလဲ မသိဘူး။ (သိလဲ စိတ်မှ မဆိုးရဲတာ)။
Posted by
မောင်ဘိုတောက်
at
5:38 PM
0
comments
Labels: over time
IE နဲ့ FireFox
IE 6 နဲ့ FireFox ကွားခြားချက် ကလေးတွေ ရှိပါတယ်။ ဘာသာပြန်ပြီးမှ တင်ချင်ပေမဲ့ ပျင်းနေလို့ ။ သိချင်ရင် ဒီမှာပါ ။ FireFox ကိုလည်း ဒီနေရာက တစ်ခါတည်း Download လုပ်နိုင်ပါတယ်။
Posted by
မောင်ဘိုတောက်
at
11:47 AM
0
comments
သီတင်းကျွတ်ပြီ
အင်း သီတင်းကျွတ်သွားဘီ ... သီတင်းကျွတ်တယ်ဆိုတာ မြတ်စွာဘုရား နတ်ပြည်ကနေ လူ့ပြည်ကို ပြန်ဆင်းတဲ့ ညကို ရည်စူးပြီး ဆီမီးတွေထွန်းကြ .. ပူဇော်ကြတာပေါ့။ နောက်တစ်နည်းက အပျို ၊ လူပျိုများရဲ့ ဘ၀တစ်ဆစ်ချိုးအတွက် လမ်းဖွင့်ပေးတဲ့ အထိမ်းအမှတ်ပေါ့ ...
အပျိုကြီး လူပျိုကြီးများအတွက်တော့ နာကြည်းစရာ ညပေါ့ ... ရင်ခုန်ချင်လဲ ခုန်နိုင်တာပေါ့လေ ... ဘာပဲပြောပြော သီတင်းတစ်ပတ်တော့ ကျွတ်သွားပြန်ဘီ ... အသက်လည်း တစ်နှစ်ပိုကြီး သွားပြန်ဘီ ....
Posted by
မောင်ဘိုတောက်
at
9:18 AM
0
comments
Monday, October 29, 2007
ဘယ်လိုမိန်းကလေးမျိုးကို ယူချင်လဲ ?
ကျနော် အိမ်ထောင်မကျခင်က ကျနော့ကို သူငယ်ချင်း တစ်ယောက်မေးတဲ့မေးခွန်းပါ ..
ဘယ်လိုမိန်းကလေးမျိုးကို ယူချင်လဲတဲ့ ...
ကျနော်ကတော့ စဉ်းစား ဆင်ခြင် ဥာဏ်နဲ့ ပြည့်စုံတဲ့သူကိုပဲ ယူချင်တယ်လို့ ဖြေခဲ့မိတယ်။
အမှန်အတိုင်းပြောရရင် ကျနော် ဆုတောင်း မပြည့်ခဲ့ပါဘူး ....
ဒါပေမဲ့ .. ဒါပေမဲ့ .. ပျော်ပါတယ်..
ခင်ဗျားတို့ရော ???
ဘယ်လိုမိန်းကလေးမျိုးကို ယူချင်လဲတဲ့ ...
ကျနော်ကတော့ စဉ်းစား ဆင်ခြင် ဥာဏ်နဲ့ ပြည့်စုံတဲ့သူကိုပဲ ယူချင်တယ်လို့ ဖြေခဲ့မိတယ်။
အမှန်အတိုင်းပြောရရင် ကျနော် ဆုတောင်း မပြည့်ခဲ့ပါဘူး ....
ဒါပေမဲ့ .. ဒါပေမဲ့ .. ပျော်ပါတယ်..
ခင်ဗျားတို့ရော ???
ဆန္ဒရှိရင် comment ချန်ထားနိုင်ပါတယ် ...
Posted by
မောင်ဘိုတောက်
at
9:29 AM
0
comments
Thursday, October 25, 2007
ကျေးဇူးတင်ပါတယ်
ဒီနေ့ MPT မှာ Blog သင်တန်း နောက်ဆုံးနေ့ သွားတက်တယ် ..
အင်း ... ဘာလိုလိုနဲ့ Blog ရေးတတ်သွားဘီ .
အရင်ကရေးထားတာ မြန်မာလို မပေါ်ဘူး ... အခုမှ အဆင်ပြေတယ် ..
အားလုံး .အားလုံးကို ကျေးဇူးတင်ပါတယ်.
နောက်လဲ လိုတာရှိရင် အကူအညီတောင်းပါမယ်... ဒုက္ခတွေလဲ ပေးပါအုံးမယ်
Posted by
မောင်ဘိုတောက်
at
4:22 PM
0
comments
Subscribe to:
Posts (Atom)




