Friday, November 16, 2007

ကျနော့ဘဝ

ဘ၀မှာ -
လေယာဉ်ပျံကိုလည်း မောင်းခဲ့ဖူးပြီ ... ဆိုက်ကားလည်း နင်းခဲ့ဖူးပြီ ၊
Trader Hotel မှာလည်း ညအိပ်ခဲ့ဖူးပြီ ... ရထားသံလမ်းကိုလည်း ခေါင်းအုံး အိပ်ခဲ့ဖူးပြီ ၊
ဟော်တယ်က စားကောင်းသောက်ဖွယ် တွေကိုလည်း စားခဲ့ဖူးပြီ ... ထမင်းကြမ်းကိုလည်း ငံပြာရည်နဲ့ စမ်းပြီး စားခဲ့ဖူးပြီ ၊
သူများရဲ့ အဆူအဆဲကိုလည်း ခံခဲ့ဖူးပြီ ... သူများကိုလည်း ဆူဆဲခဲ့ဖူးပြီ ၊
ဘုန်းကြီးတွေကိုလည်း ရှိခိုးခဲ့ဖူးပြီ ... ဘုန်ကြီးအနေနဲ့လည်း လူတွေရဲ့ ရှိခိုးတာကို ခံခဲ့ဖူးပြီ၊ တစ်ယောက်သောသူကိုလည်း နင့်နင့်သီးသီး ချစ်ခဲ့ဖူးပြီ ... တစ်ယောက်သောသူရဲ့ နင့်နင့်သီးသီး ချစ်တာကိုလည်း ခံခဲ့ဖူးပြီ ....
ကဲ ... ဘာလိုသေးလဲ ?????

No comments: