ဘ၀မှာ -
လေယာဉ်ပျံကိုလည်း မောင်းခဲ့ဖူးပြီ ... ဆိုက်ကားလည်း နင်းခဲ့ဖူးပြီ ၊
Trader Hotel မှာလည်း ညအိပ်ခဲ့ဖူးပြီ ... ရထားသံလမ်းကိုလည်း ခေါင်းအုံး အိပ်ခဲ့ဖူးပြီ ၊
ဟော်တယ်က စားကောင်းသောက်ဖွယ် တွေကိုလည်း စားခဲ့ဖူးပြီ ... ထမင်းကြမ်းကိုလည်း ငံပြာရည်နဲ့ စမ်းပြီး စားခဲ့ဖူးပြီ ၊
သူများရဲ့ အဆူအဆဲကိုလည်း ခံခဲ့ဖူးပြီ ... သူများကိုလည်း ဆူဆဲခဲ့ဖူးပြီ ၊
ဘုန်းကြီးတွေကိုလည်း ရှိခိုးခဲ့ဖူးပြီ ... ဘုန်ကြီးအနေနဲ့လည်း လူတွေရဲ့ ရှိခိုးတာကို ခံခဲ့ဖူးပြီ၊ တစ်ယောက်သောသူကိုလည်း နင့်နင့်သီးသီး ချစ်ခဲ့ဖူးပြီ ... တစ်ယောက်သောသူရဲ့ နင့်နင့်သီးသီး ချစ်တာကိုလည်း ခံခဲ့ဖူးပြီ ....
ကဲ ... ဘာလိုသေးလဲ ?????
Showing posts with label my life. Show all posts
Showing posts with label my life. Show all posts
Friday, November 16, 2007
ကျနော့ဘဝ
Posted by
မောင်ဘိုတောက်
at
9:27 AM
0
comments
Labels: my life
Subscribe to:
Posts (Atom)