Wednesday, November 14, 2007
ကျနော့အလုပ်
Posted by
မောင်ဘိုတောက်
at
10:07 AM
1 comments
Friday, November 09, 2007
လူဆိုးနဲ့ လူကောင်း
ကျနော်က ငယ်ငယ်ကတည်းက လက်ပေါက်ကတ်တတ်တဲ့ ကလေး တယောက်ပါ။ သူများစကားပြောရင်လည်း ပြောင်းပြန် ပြန်တွေးတတ်တဲ့ အကျင့်က ရှိသေးတယ်။ ဇ မကောင်းဘူးပေါ့ဗျာ...။ ခုပြောချင်တာ ငယ်ငယ်က အကြောင်းလေးပါ. ...။
ကျနော်မှတ်မှတ်ရရ (၈) တန်းနှစ်မှာ ဆရာမက ပြောတယ်။ မင်းတို့ လူဆိုးတွေနဲ့ မပေါင်းနဲ့ တဲ့။ လူဆိုး လူမိုက်တွေနဲ့ ပေါင်းရင် ကိုယ်လဲ လူဆိုး ဖြစ်သွားမယ်တဲ့။ လူကောင်းတွေနဲ့ ပေါင်းမှ ကိုယ်လဲ လူကောင်း ဖြစ်မယ်တဲ့ ...။
အဲဒီမှာ ကျနော့ ဇာတိက ပြလာပါတယ်။ ကျနော် တွေးမိတာက ဒါဆိုရင် လူဆိုးနဲ့ လူကောင်း ပေါင်းပေးလိုက်ရင် ဘာဖြစ်သွားမလဲပေါ့ ... ။ အဲဒီအချိန်တုံးက ဆရာမကိုတော့ မမေးရဲလို့ မမေးခဲ့ပါဘူး။ အခုမှ ပြန်သတိရလို့ မေးကြည့်တာပါ။ သိတဲ့လူရှိရင် ဖြေပေးကြပါ။
Posted by
မောင်ဘိုတောက်
at
3:29 PM
0
comments
Tuesday, November 06, 2007
ကျနော်နှင့် စာဖတ်သူများ
စာမဖတ်ပဲ စာအုပ်ဖတ်တဲ့လူတွေ တွေ့ဘူးပါသလား ?
စာအုပ်ကို မဖတ်ပဲ စာပဲ ဖတ်တဲ့လူတွေရော တွေ့ဘူးပါသလား ?
ကျနော်တော့ နှစ်မျိုးလုံး တွေ့ဘူးတယ်။ လူတော်တော်များများလည်း ကြုံဘူးကြမှာပါ။တချို့က စာအုပ်ထဲက စာကို မဖတ်ခင် အပြင်အဆင်နဲ့ စာရေးတဲ့လူနာမည်ကို အရင်ကြည့်တယ်။ တချို့ကဆို လက်ရေးကိုတောင် ကြည့်သေးတယ်။ တစ်ခုခု အဆင်မပြေရင် အထဲက စာကိုလည်း အထင်မကြီးတော့ဘူး။ ဖတ်လည်းမဖတ်တော့ဘူး။တချို့ကတော့ စာအုပ်ထဲက စာကို အဓိကထားတယ်။ တန်ဖိုးထားတယ်။ကျနော်ကတော့ စာအုပ်မဖတ်ပါဘူး။ စာပဲ ဖတ်ပါတယ်။ ဘယ်သူရေးတဲ့ စာပဲဖြစ်ဖြစ်၊ ဘာနဲ့ ရေးထားတဲ့ စာပဲဖြစ်ဖြစ် ဖတ်ပါတယ်။ ပြီးမှ ဝေဖန်ပါတယ်။
ခင်ဗျားတို့ရောဗျာ ...... ?????
Posted by
မောင်ဘိုတောက်
at
10:23 AM
2
comments
Monday, November 05, 2007
မယ်သီတာနှင့်ဒဿဂီရိ
သီတာရာမ ဇာတ်တော်ကြီးကို ကျနော် ငယ်စဉ်ကတည်းက ကြည့်ခဲ့ဖူး၏။ အတော်များများလည်း ကျနော့နည်းတူ ကြည့်ဖူးကြမည်တင်ပါသည်။
ကျနော် သမိုင်းဆရာမဟုတ်ပါ။ ရာဇ၀င်ဆရာမဟုတ်ပါ။ စိတ်ကူးတည့်ရာ ရှောက်ရေးတတ်သည့် လူပေါတစ်ယောက်ပါ။ အခုလည်း သိသလောက်နဲ့ ရာမ ဇာတ်တော်ကြီးကို ဝေဖန်ပါအုံးမည်။
ရာမမင်းသား သမင်လိုက်ခန်းမှာ ရာမက အယောင်ဆောင်ထားတဲ့ သမင်မှန်းသိရက်နဲ့ ဘာလို့ မယ်သီတာ့ အလိုလိုက်ပြီး လိုက်ဖမ်းရတာလဲ။လက္ခဏကရော သူ့အကိုရဲ့ အော်သံမဟုတ်မှန်း သိရက်နဲ့ ဘာလို့ နောက်က လိုက်သွားရတာလဲ။ ကျနော်ကတော့ ရှင်းကို မရှင်းဘူး။ ရှင်းနိုင်တဲ့လူတွေ ကူပြီး ရှင်းပေးကြပါအုံး။
ပြီးတော့ မယ်သီတာက ပြောသေးတယ် ... ရာမအော်သံ ကြားရက်နဲ့ လက္ခဏက ချက်ချင်း လိုက်မသွားတော့ လက္ခဏကပဲ သူ့ကိုကြိုက်နေသလိုလိုနဲ့ .... အင်း တယ်ခက်တဲ့ မိန်းမတွေပဲနော် ... ယောက်ျားတွေလဲ တူတူပါပဲလေ။
Posted by
မောင်ဘိုတောက်
at
1:24 PM
0
comments
ကျနော်နှင့် လေယာဉ်လက်မှတ်
(5.11.2007) နေ့တွင် နိုင်ငံခြားသွားနိုင်ရန်အတွက် လေယာဉ်လက်မှတ်တစ်စောင် (16.10.2007)ကတည်းက ဗဟိုစာတိုက်ကြီးသို့ ရောက်ရှိခဲ့၏။ ဗဟိုစာတိုက်ကြီးက (19.10.2007) က ဖြန့်ဝေခဲ့ရာ ယနေ့ (2.11.2007)အထိ လေယာဉ်လက်မှတ် ဖြူလားမဲလား မတွေ့ရသေးပါ။ ခေတ်မှီလှသော စာဝေစနစ်၏ မြန်ဆန်သွက်လက်လှသော လုပ်ဆောင်မှုများအောက်တွင် ကျနော့ လေယာဉ်လက်မှတ် မျက်စိလည်နေသလား၊ မသွားတတ် မလာတတ်များ ဖြစ်နေသလား မသိပါ။ တွေ့မိသူများ ရှိပါက ကျနော့ လိပ်စာသို့ လမ်းညွှန်ပေးကြပါ။ ကျေးဇူးတင်ပါသည်။
Posted by
မောင်ဘိုတောက်
at
11:14 AM
0
comments
