Wednesday, November 28, 2007

တောင်းပန်စကား


အကြောင်းအမျိုးမျိုးကြောင့် ကျနော် ဒီ ဘလော့ဂ်မှာ အတန်ကြာအောင် ဆက်မရေးနိုင်ခဲ့ပါ။ လာလည်သူများကို တောင်းပန်ပါတယ်။ အခု ပြန်ရေးပါတော့မယ်။

Tuesday, November 27, 2007

Block လုပ်ခံရသော Blog များ







ကျနော်တို့နိုင်ငံရဲ့ Internet Connection ကြီးက ဘာကြီးလဲ သိဘူးနော်၊ ခု blog တွေကို Block လုပ်ထားပြန်ပြီ။ တကယ်ပါပဲ ကိုယ့် Blog ကို Block လုပ်ခံရတာလောက် စိတ်မကောင်းတာ မရှိဘူး ...။ ဘယ်သူပဲ လုပ်လုပ် ဘာပဲလုပ်လုပ် ... သူများကို မထိခိုက်ရင် ပြီးရောပေါ့ ... ခုတော့ ...... ဟွန်း


Thursday, November 22, 2007

IE တွင် Blog ကို အဆင်ပြေစွာ ကြည့်ရှုနိုင်ရန်

Blog အများစုသည် EOT လုပ်ပြီး ဖြစ်သဖြင့် IE ၌လည်း အဆင်ပြေစွာ ဖတ်ရှုနိုင်ပါသည်။

သို့သော် အကယ်၍ အဆင်မပြေပါက ကျနော် ပြောသလို စမ်းကြည့်ပါ.....။
ဒါလေး ထဲက စာသားတွေကို Notepad ထဲကို ကူးယူလိုက်ပါ။
Notepad ကို save လုပ်ပြီး နံမယ်ပေးမယ်ဆိုရင် နံမယ်နောက်မှာ .css ( dot css) ရိုက်ထည့်ပေးပါ။

ပြီးရင် ထုံးစံအတိုင်း တစ်နေရာရာမှာ save လုပ်ထားလိုက်ပေါ့။


Internet Option ထဲက Accessibility ထဲကို ၀င်လိုက်ပါ။


ကျနော်ပြထားတဲ့ နေရာလေးတွေကို ခြစ်လိုက်ပါ။
Browse Box ထဲမှာ သိတဲ့အတိုင်း CSS ဖိုင်လေးကို ညွှန်းလိုက်ပါ။
ပြီးရင် OK .. ပေးလိုက်ပေါ့။
သင်ပေးတဲ့ ကိုညီလင်းဆက် ကို ကျေးဇူးတင်ပါတယ်။

Tuesday, November 20, 2007

ရှောက် ရေးထားတာပါ

ငါ့ရင်ထဲကမင်း
နေအစင်းစင်းရဲ့ အလင်းကို ကျော်ဖြတ်လို့
လအစင်းစင်းရဲ့ အေးမြမှုနဲ့အပြိုင်
ခိုင်မာစွာ ပွင့်ခဲ့တဲ့ ပန်းပေါ့။
နမ်းချင်နမ်း ခြူချင်ခြူ
အပြင်လူ ၀င်ခွင့်မရှိတဲ့ငါ့ရဲ့ မှော်ရုံတောမှာ
လွမ်းမောဖွယ် နေ့စွဲတွေကို ကျော်ဖြတ်လို့
ဒို့နှစ်ယောက် ..... ဒန် တန့် တန် ...

Friday, November 16, 2007

ကျနော့ဘဝ

ဘ၀မှာ -
လေယာဉ်ပျံကိုလည်း မောင်းခဲ့ဖူးပြီ ... ဆိုက်ကားလည်း နင်းခဲ့ဖူးပြီ ၊
Trader Hotel မှာလည်း ညအိပ်ခဲ့ဖူးပြီ ... ရထားသံလမ်းကိုလည်း ခေါင်းအုံး အိပ်ခဲ့ဖူးပြီ ၊
ဟော်တယ်က စားကောင်းသောက်ဖွယ် တွေကိုလည်း စားခဲ့ဖူးပြီ ... ထမင်းကြမ်းကိုလည်း ငံပြာရည်နဲ့ စမ်းပြီး စားခဲ့ဖူးပြီ ၊
သူများရဲ့ အဆူအဆဲကိုလည်း ခံခဲ့ဖူးပြီ ... သူများကိုလည်း ဆူဆဲခဲ့ဖူးပြီ ၊
ဘုန်းကြီးတွေကိုလည်း ရှိခိုးခဲ့ဖူးပြီ ... ဘုန်ကြီးအနေနဲ့လည်း လူတွေရဲ့ ရှိခိုးတာကို ခံခဲ့ဖူးပြီ၊ တစ်ယောက်သောသူကိုလည်း နင့်နင့်သီးသီး ချစ်ခဲ့ဖူးပြီ ... တစ်ယောက်သောသူရဲ့ နင့်နင့်သီးသီး ချစ်တာကိုလည်း ခံခဲ့ဖူးပြီ ....
ကဲ ... ဘာလိုသေးလဲ ?????

Thursday, November 15, 2007

မြန်မာနိုင်ငံတော် အလံ


ကျနော်တို့ မြန်မာနိုင်ငံတော် အလံမှာ အဓိပ္ပါယ်တွေ ရှိပါတယ်။ အနီရောင်သည် ရဲရင့်ခြင်း ၊ အဖြူရောင်သည် သန့်ရှင်း စင်ကြယ်ခြင်း စသည် ဖြင့်ပေါ့ဗျာ .....။ ပြီးတော့ ရှိသေးတယ် . အရွယ်တူ ကြယ်ဖြူ (၁၄) လုံးသည် ပြည်နယ်နှင့်တိုင်း (၁၄) ခုတို့၏ တန်းတူ ညီတူ ရှိမှုနှင့် စည်းလုံးညီညွတ်မှုပေါ့ဗျာ ..... ။ ဒါပေမဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ တန်းတူညီတူ ရှိမှု ဆိုတာ မပါဘူးဗျ ..... ။ ရှေးလူကြီးတွေ ဘာလို့များ မေ့နေကြလဲ မသိဘူးနော် ?????

Wednesday, November 14, 2007

ကျနော့အလုပ်


လူတွေနဲ့ ဆက်ဆံရတာ တစ်ခါတစ်ခါ မကောင်းဘူးဗျာ။ ကျနော့ အလုပ်ကလဲ ဖြစ်ချင်တော့ ကွန်ပျူတာ ရှေ့မှာ ထိုင်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်နေတယ်။ အဲဒါကြောင့် ကွန်ပျူတာရှေ့မှာ ထိုင်တာ အပြစ်လားဗျာ..။

တချို့ကပြောတယ် ... "မင်းကအေးအေးဆေးဆေးပဲနော် တဲ့ .။ တနေ့တနေ့ ကွန်ပျူတာ ရှေ့ထိုင်နေရတာနဲ့ ပြီးသွားတာပဲ" တဲ့။ တခါတလေကျတော့ " မင်းကြည့်လိုက်ရင် ကွန်ပျူတာရှေ့မှာပဲ ထိုင်နေတော့တာပဲ" တဲ့။ ဒုက္ခပါပဲဗျာ ကျနော်က ကွန်ပျူတာ ရှေ့ထိုင်မနေလို့ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရမှာလား ???? သူများတွေလို စာအုပ်အထူကြီးကိုင်၊ မျက်မှန်လှလှလေး တပ်ပြီး လျှောက်သွားနေမှ အလုပ်လုပ်တယ် ထင်နေလားမသိဘူး ... တစ်ခါတစ်ခါ စိတ်ညစ်တယ်ဗျာ..